Proximity Designs
Hiring now
On-site · Myanmar (Burma)Full-timePosted 2 months ago
Proximity Designs
Applyဟဲဟိုးမြို့နယ်၊ ပေါင်းတည်မြို့နယ်နှင့် အိမ်မဲမြို့နယ်များတွင် တာဝန်ထမ်းဆောင်ရန် ဝန်ထမ်းတွေရဲ့ စွမ်းရည်ကို မြှင့်တင်ပေးနိုင်ပြီး ဗျူဟာမြောက်တွေးခေါ်နိုင်မယ့် စံပြခေါင်းဆောင်ဖြစ်သော Territory Sales Manager (၃) ဦးကို ရှာဖွေနေပါတယ်။ သင်အနေဖြင့် အရောင်းရလဒ်ကောင်းများ ရရှိအောင်တင်မကဘဲ အရောင်းတာဝန်ခံများကို တောင်သူတွေရဲ့ ရေရှည်ယုံကြည်ရတဲ့ လက်တွဲဖော်များ ဖြစ်လာအောင် ပျိုးထောင်ပေးရမှာ ဖြစ်ပါတယ်။ ဒေတာအခြေပြုတဲ့ ဗျူဟာတွေနဲ့ ခိုင်မာတဲ့ခေါင်းဆောင်မှုတွေကို အသုံးပြုပြီး အရောင်းမြှင့်တင်ခြင်း၊ လုပ်ငန်းလည်ပတ်မှုများကို ပိုမိုကောင်းမွန်စေခြင်းနှင့် တောင်သူများကြားမှာ ရေရှည်ခိုင်မာတဲ့ ယုံကြည်မှုတည်ဆောက်ခြင်းတို့ကို ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
လုပ်ဆောင်ရမည့်တာဝန်များ
Drive Sales Growth
Lead & Develop Your Team
Build Strong Relationships
Collaborate & Innovate
လိုအပ်သော အရည်အချင်းများ
သင်ရရှိနိင်မည့် အခွင့်အလမ်းများ
သင့်အနေဖြင့် မြင့်မားသောလစာ ခံစားခွင့်ရရှိရုံသာမက ကျန်းမာရေးဆိုင်ရာခံစားခွင့်များနှင့် သင့်လုပ်ငန်းစွမ်းရည် တိုးတက်စေနိုင်မည့် အခြားအခွင့်အလမ်းများလည်း ရရှိမည်ဖြစ်သည်။ ထို့အပြင် ရှေ့သို့ဦးတည်စဉ်းစား တွေးခေါ်သူများနှင့် ကောင်းမွန်သော လုပ်ငန်းခွင်မှာ အလုပ်လုပ်ရမည်ဖြစ်ပြီး Proximity School မှတစ်ဆင့် ကမ္ဘာ့အဆင့်မီ ပညာရပ်များကို လေ့လာသင်ကြားခွင့်လည်း ရရှိပါမည်။ သင့်အနေဖြင့် သင့်တာဝန်ဝတ္တရားများကို လုပ်ဆောင်လျက်ပင် မြန်မာနိုင်ငံရှိ တောင်သူများအတွက် ပိုမိုကောင်းမွန်သည့် လူမှုဘဝပုံစံကို ပြောင်းလဲပေးသူတစ်ဦးဖြစ်နိုင်သည့် အခွင့်အလမ်းလည်း ရရှိမည် ဖြစ်ပါသည်။
Proximity Designs အကြောင်း
Proximity Designs သည် ရာသီဥတု ပြောင်းလဲမှု၊ ဆင်းရဲမွဲတေမှု၊ စားနပ်ရိက္ခာမလုံလောက်မှု၊ တန်းတူညီမျှ မရှိမှုများကဲ့သို့သော ကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းလျက် ရှိပါသည်။ ကျွန်ုပ်တို့သည် ကျေးလက်နေပြည်သူ ထောင်ပေါင်းများစွာအား မြေဆီလွှာပြုစုပျိုးထောင်ခြင်း၊ ရိက္ခာပိုမိုစိုက်ပျိုးထုတ်လုပ်ခြင်းနှင့် ဝင်ငွေတိုးပွားစေခြင်းတို့တွင် ကူညီပေးနေသည့်အပြင် ရာသီဥတုပြောင်းလဲမှုဒဏ်ကို ခံနိုင်ရည်ရှိ၍ လိုက်လျောညီထွေလုပ်ဆောင်နိုင်စေရန် တည်ဆောက်ပေးခြင်း နည်းလမ်းများဖြင့် အဆိုပါပြဿနာများကို အဓိက ကိုင်တွယ်ဖြေရှင်းနေခြင်း ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ဝင်ငွေနည်းပါးသော တောင်သူသုံးစွဲသူများအတွက် ကုန်ကျစရိတ် သက်သာပြီး တီထွင်ဆန်းသစ်ထားသည့် အသေးစား ရေသွင်းစိုက်ပျိုးရေးစနစ်များ၊ ဇီဝမြေသြဇာနှင့် ဇီဝပိုးသတ်ဆေးများအပြင် သီးနှံကာကွယ်ရေး ကွင်းဆင်းဝန်ဆောင်မှုများကို ပံ့ပိုးပေးလျက်ရှိပါသည်။
လွန်ခဲ့သည့် (၂၄) နှစ် အတွင်း ကျွန်ုပ်တို့သည် မြန်မာနိုင်ငံတစ်ဝှမ်းရှိ ဝင်ငွေနည်းပါးသော စိုက်ပျိုးရေး လုပ်ကိုင်သည့် အိမ်ထောင်စုပေါင်း (၁.၃) သန်းအတွက် အပိုဝင်ငွေ အမေရိကန်ဒေါ်လာ (၁၆၀၀) သန်းအထိ တိုးပွားအောင် ဖန်တီးပေးနိုင်ခဲ့ပါသည်။ ဤကဲ့သို့ ဝင်ငွေတိုးတက်လာခြင်းကြောင့် တောင်သူများသည် ၎င်းတို့သားသမီးများ၏ ပညာရေး၊ အာဟာရပြည့်ဝသော အစားအစာနှင့် ပိုမိုကောင်းမွန်သော ကျန်းမာရေးစောင့်ရှောက်မှုများတွင် ဖြည့်ဆည်းပေးနိုင်သည့်အပြင်၊ လယ်ယာစိုက်ပျိုးရေးနှင့် ကျေးရွာစီးပွားရေးလုပ်ငန်းများတွင်လည်း ပြန်လည်ရင်းနှီးမြှုပ်နှံနိုင်ကြပြီ ဖြစ်ပါသည်။
လျှောက်ထားရန်-
မိမိတို့၏ ကိုယ်ရေးအချက်အလက်များကို Apply တွင်နှိပ်၍ ပေးပို့လျှောက်ထားနိုင်ပါသည်။ Proximity သည် လုပ်ငန်းခွင်အတွင်း အမြတ်ထုတ်ခြင်းနှင့် အလွဲသုံးစားပြုခြင်းမှ ကာကွယ်ရေး၊ ကလေးသူငယ် စောင့်ရှောက်ရေး၊ နှောင့်ယှက်စော်ကားမှုကင်းစင်သော လုပ်ငန်းခွင်ဖြစ်မြောက်ရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ သမာသမတ်ရှိမှု အပါအဝင် ဝန်ထမ်းရေးရာ မူဝါဒအသီးသီးကို တိကျစွာ ချမှတ်ကျင့်သုံးနေသော အဖွဲ့အစည်း ဖြစ်ပါသည်။
Proximity သည် လျှောက်ထားသူအားလုံး၏ လူမျိုး၊ လိင်၊ အရောင်အသွေး၊ နိုင်ငံသားဇစ်မြစ်၊ လိင်စိတ်ခံယူမှု၊ အသက်၊ အိမ်ထောင်ရေး အခြေအနေ၊ မသန်စွမ်းမှုတို့နှင့် မသက်ဆိုင်ဘဲ လျှောက်ထားသူအားလုံးကို တန်းတူညီမျှ ထည့်သွင်းစဉ်းစားမည်ဖြစ်သောကြောင့် စိတ်ပါဝင်စားသူများ လျှောက်ထားရန် တိုက်တွန်းအပ်ပါသည်။